Monday, February 10, 2014

Avoidance အမြဲခွါရှင်း ဖဲကြဉ် ‘မင်း

• ဗူးခါးရေနဲ့ ကြမ်းကြားလေ၊
• မိုးခါးရေသောက်သူတွေများလို့ ကျောင်းကား ဇရပ်သွင်ဖြစ်ရ၏။

• ရေဗူးပေါက်တာ မလိုချင်ဘူးဆိုလို့၊
• အညွန့်အဖူးလေးတွေ အပေါက်ဆန်ခါတွင် စာသင်ကြရ၏။

• ပညာရှာ ပမာသူဖုန်းစား၊
• ဘုန်းတန်ခိုးထွားသူတွေများလို့ ကျောင်းသားတွေ သူဖုန်းစားဖြစ်ရ၏။

• သူတော်မဟုတ် ယုတ်သည့်စရိုက်၊
• လူသူမိုက်ကို မကြိုက်မချစ်၊
• ရန်သူစစ်သို့ မနှစ်သက်ဘဲ၊
• ဝေးစွာရှဲ၍ အမြဲခွါရှင်း၊ ဖဲကြဉ်မင်း။

ဒေါက်တာတင့်ဆွေ
၉-၂-၂ဝ၁၄
(‘လောကသာရဆုံးမစာ’ ကို မှီငြမ်းပါသည်။)
Read more...

Sunday, February 9, 2014

An old man ဇရာအို လူပိုမဟုတ်

• အရွယ်အို အိုမင်းရင့်ရော်ခြင်း၊ • ပညာအို ပိုဟောင်းရင့်ကျက်ခြင်း၊ • စေတနာအို ပိုကောင်းခိုင်မာခြင်း၊ • မေတ္တာအို ပိုများတိုးပွါးခြင်း၊ • သဒ္ဓာအို ပိုကုန်ခမ်းစရာမရှိခြင်း၊ • ဇရာအို လူပိုမဟုတ်ခြင်း။ ဒေါက်တာတင့်ဆွေ ၈-၂-၂ဝ၁၄ (Kothetnaing Kothetnaingoo ရဲ့ ပညာရေးကောလိပ်ထဲက စာသားလေးပါ ကျနော်တို့ကို သင်ကြားပေးခဲ့ကြတဲ့ ဆရာကြီး ဆရာမကြီးကို သတိရတယ်ဗျာထဲက “မြေဖြူကတို လူကအိုလဲ၊ နုပျိုနေဆဲ မေတ္တာရှင်” ကိုဖတ်ပြီး၊ မုံရွာကကျွန်တော့်ဆရာ-ဆရာမတွေကို စိတ်ထဲမှာထားပြီး ရေးပါတယ်။) And here is the rest of it
Read more...

Facebook learning ယူသော်ရ၏

• စာမတတ် လမ်းဖတ်၊ • အမြင်မတော် သင်ပေး • လမ်းပေါ်ပညာရေး။ • မသေချာရင် ဖေ့စ်ဘွတ်မှာတင်၊ • အမြင်မတော် ပြင်ပေး၊ • အွန်လိုင်းပညာရေး။ ဒေါက်တာတင့်ဆွေ ၈-၂-၂ဝ၁၄ And here is the rest of it
Read more...

Friday, February 7, 2014

Single force တယောက်အား

• ငါတတ်တဲ့ ဆေးပညာ၊
• သလေးစပါးလောက်သာ ရှိပါတကား။
• ငါသင်ထားတဲ့ အသိပညာ၊
• နှမ်းစိပမာသာ ရှိပါလား။
• ငါလုပ်နိုင်တဲ့ နိုင်ငံရေး၊
• ရွေးစေ့ထက်တောင် သေးပါလား။

• ဆန်စေ့ကို ထမင်းချက်၊
• ဆီထွက်အောင် နှမ်းကိုကြိတ်၊
• ငါ့ ‘ဝိတ်’ ကို ရွေးစေ့နဲ့ချိန်ကြည့်၊
• အတိအကျ ရတဲ့အဖြေ၊
• ဘာဖြစ်နေနေ ငါတွေးနေတာက့
• ဆန်ကုန်မြေလေး မဖြစ်ရေးဘဲ။

ဒေါက်တာတင့်ဆွေ
၆-၂-၂ဝ၁၄
Read more...

Love ချစ်သဒ္ခါကမ်းကုန် မေတ္တာလွှမ်းခြုံ

• လည်ခြင်းယှက် လက်ခြင်းချိတ်
• စိတ်ခြင်းထပ် ရင်ခြင်းအပ်
• မြတ်သောနှလုံး အပြုံးခြင်းဖလှယ်
• အရွယ်မရွေး မေတ္တာဆေး
• မျှဝေပေးလိုက်ပါသည်
• နှစ်ဖြာကိုယ်စိတ် ကျန်းမာ ချမ်းသာကြစေသော်ဝ်။

ဒေါက်တာတင့်ဆွေ
၅-၂-၂ဝ၁၄
(ကိုစိန်ဝင်း စေ့ဆော်လို့ရေးဖြစ်ပါတယ်။)
Read more...