Friday, May 9, 2014

Respect ဂါရဝေါစ နိဝါတောစ

“ဖြောင့်တဲ့လမ်း လိုက်တဲ့သူ

့။

ဟိုတစ်နေ့ဆီက ကျွန်တော် ထမင်းစားနေတုန်း (ယခု ပုံပါ) သုံးတန်း တပည့်မလေးတစ်ယောက် စားပွဲအနီးက ဖြတ်သွားတယ်။ ကိုယ်လေးကို ကိုင်းညွတ်ပြီး ‘ဆရာကြီး စားပြီလားရှင့်’ လို့လည်း လောကဝတ်စကား ဆိုသေးတယ်။ သူက သောက်ရေ သွားသောက်တာပါ။ ပြီးတော့မှ ရေတစ်ခွက်ကို ခပ်ယူပြီး ကျွန်တော် ထမင်းစားနေတဲ့ စားပွဲပေါ်မှာ တရိုတသေ တင်ပေးသွား ပါတယ်။ ကျွန်တော် အံ့သြသွားပါတယ်။ သုံးတန်းတက်မယ့် ကလေးမလေးတစ်ယောက်ထံက ဒီလောက် မြင့်မားတဲ့ ဂါရဝ၊ နိဝါတ ကိုယ်ကျင့် တရားကို ဘယ်မျှော်လင့်ထားမိပါ့မလဲ။ အမှန်အတိုင်းပြောရရင် ကျွန်တော် လန့်တောင် လန့်သွားမိတယ်။

ညကျတော့ သူကိုယ်တိုင် ဆရာတစ်ဆူဖြစ်နေတဲ့ ကျွန်တော့ တပည့်ဟောင်းတစ်ယောက်က သတင်းစကားပို့တယ်။ ‘အလုပ်တွေများနေလို့ ဆရာ့ဆီလည်း မရောက်ရဘူး။ ဆုံးမစကားတွေ မကြားရဘူး။ လွမ်းတယ်ဗျာ’ တဲ့။

ကျွန်တော်လည်း ကောက်ခါငင်ခါ အကြောင်းပြန်လိုက်ပါတယ်။ ‘ဟေ့ကောင်၊ မင်းကို ဆုံးမဖို့ နေနေသာသာ။ ဒီနေ့ သုံးတန်း ကလေးမလေး တစ်ယောက်က ငါ့ကို ဆုံးမသွားတယ်ဟေ့’ လို့။ ပြီးတော့ ဖေ့စ်ဘွတ်မှာ မိုးမွှန်အောင် ဆဲနေကြသူတွေကို မဆီမဆိုင် သတိရနေမိသေးတယ်ဗျာ။”

ဒီစာလေးကို ဖေ့စ်ဘွတ်မှာ ရေးတင်သူက မုံရွာမှာ အင်္ဂလိပ်စာ ကျူရှင်ပေးနေတဲ့ ကျွန်တော့်ညီဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၉-၅-၂ဝ၁၄

• ကျွန်တော့်ညီအရင်းပါ။ ကျွန်တော့်ကိုလာဖမ်းတော့ လွတ်မြောက် ထွက်ပြေးသွားလို့ သူ့ကို ထောင် ၄ နှစ်ချတယ်။ လျှော့ရက်မရှိနေခဲ့ရတယ်။ အစိုးရအလုပ်လဲပြုတ်ပေါ့။
• နည်းနည်းလေး ဆက်ပြောအုံးမယ်။ သူကအစိုးရအလုပ်၊ ကိုယ်ကနိုင်ငံရေးလုပ်နေလို့ ၁၉၉ဝ မှာ ခပ်ကင်းကင်းနေကြတယ်။ တချက်ကလေးပြောစရာရှိသွားတယ်။ သူကနေ သမတ ‘ဘွန်ရှ် (စီနီယာ)’ ရဲ့ အထ္ထုပ္ပတ္တိစာအုပ်လေးလှမ်းပို့တယ်။ သူ့ကို ဖမ်းပြီး ဗခ ခင်ညွန့်က သတင်းစာရှင်းလင်းပွဲလုပ်တော့ ဗကပ (ယူဂျီ) တဲ့။

1 comment:

jp.myintswe said...

khin is very wicked ,he,s not human being never should forgive & forget so many lifes had been under his boot.Thanks Dr,for posts & medical writings.