Wednesday, May 7, 2014

Gone with the wind တူမသို့

အပြောင်းအလဲတစ်ခု အချိုးအကွေ့တစ်ခု ကြုံတိုင်းကြုံတိုင်း ဖြစ်လာတဲ့အခြေအနေကို လက်ခံတတ်အောင် စိတ်ထားတတ်အောင် လေ့ကျင့်ပေးတဲ့ ဖေဖေကို သမီးကျေးဇူးတင်တယ်။ ဒါပေမယ့် ဖေဖေရယ် သမီးက ရင့်ကျက်ဖို့ လိုသေးတယ်။ ဒီတစ်ခါအပြောင်းအလဲကိုတော့ သမီး လက်ခံဖို့ကြိုစားတာ တော်တော်မလွယ်ဘူး။ ဒါပေမယ့် သမီး သိပ်ကြိုက်တဲ့ ဆရာကြီးမြသန်းတင့်ရဲ့ လေရူးသုန်သုန် ဝတ္ထုထဲက စကားလက်အိုဟာယာလိုမျိုး ဟိုကွေ့ရောက်ရင် ဟိုတတ်နဲ့လှော်၊ ဒီကွေ့မှာဒီတတ်နဲ့လှော်တတ်အောင် သမီးကြိုးစားမယ်။ လောကမှာ ပညာဦးစီးတဲ့ အဆုံးအမရှိတဲ့ ဆရာကောင်း သမားကောင်းတွေရဲ့ အဆုံးအမကို အချိန်နဲ့အမျှ ရရပါလို၏။

ငါ့တူမ -
• တက်မရှိ လက်နဲ့လှော်။
• လက်မအား ခြေဖဝါးနဲ့လှော်။
• လက်-ခြေ မကောင်း၊ ဆုတောင်းနဲ့သာလှော်ပါလေ။

ဒေါက်တာတင့်ဆွေ
၇-၅-၂ဝ၁၄

No comments: