Thursday, May 8, 2014

Generalist ရိုးရိုးဆရာဝန်

ဆရာခင်ဗျား ဆရာ့ဆောင်ပါးတွေကို မလွတ်တန်းနီးနီး ဖတ်ကြည့်ဖြစ်ပါတယ်။ တစ်ချို့ဆောင်းပါးများကို အထူးကု Specialist FRCS, MRCS, PhD တွေကို attached တွဲမိပါတယ်။ တစ်ခါတစ်ရံ လွဲမှားနေကြောင်းလဲ သူတို့က အကြောင်းပြန်ကြားလာပါတယ်။

• ဟုတ်။ ကျွန်တော်က အထူးကု မဟုတ်ပါ။
• ပညာနယ်ပယ်တခုမှာ အထူးပြုသူက သူ့နယ်မှာ အသိဆုံး ဖြစ်ပါတယ်။
• ကျွန်တော်က အင်တာနက်’ ကနေ နောက်ဆုံးပေါ်တာတွေ ရှာရပါတယ်။
• ကျွန်တော်က ခြေစ-ခေါင်းဆုံး၊ မွေးကင်းစ-သက်ကြီးရွယ်အို၊ ရောဂါစနစ်ပေါင်းစုံကို အကြံပေးမှုသာ လုပ်နိုင်ပါတယ်။
• ကျွန်တော်က ရေးပြီးသားတွေကို ပြန်ပြင်တာလဲ လုပ်ပါတယ်။ ဆေးယဉ်လို့မသုံးတော့တာတွေ ရှိတတ်တယ်။
• ကျွန်တော်က ‘အွန်လိုင်း’ ကနေ ဆေးကုသလို မလုပ်ပါ။
• အရေးကြီးတာတွေကို ဒုတိယ/တတိယ အကြံဥာဏ် ယူကြရပါတယ်။
• တချို့ဆေးစာတွေကို ရေးထားတာကြာပြီ။ ၂ဝဝ၇-၂ဝဝ၈ လောက်တည်းကပါ။ အဟောင်းတွေကို ကူးယူ-မျှဝေကြတာလဲ ရှိနိုင်တယ်။
• အချိန်ကမလောက်၊ လက်ထောက်ကလဲမရှိတော့ မနိုင်ဘူးဗျာ။

Generalist may refer to:
1. a person with a wide array of knowledge, the opposite of which is a specialist.
2. a physician who is focused on primary care and is not a specialist in a certain medical field

Dr. တင့်ဆွေ
MBBS (Mandalay) 1972
Sama 4272
၅-၅-၂ဝ၁၄

No comments: