Thursday, May 8, 2014

Fib Propaganda ကြံ့ခိုင်ရေးသတင်းစာကပြောသော ပြည်ခိုင်ဖြိုးမုသား

မန္တလေးတိုင်း၊ တံတားဦး၊ ထန်းလုံးတပ်ကျေးရွာမှာ ရွာသူရွာသားတွေကနေ ကိုယ်ထူကိုယ် လမ်းဖေါက်ထားတာကို ပြည်ခိုင်ဖြိုးပါတီက လုပ်ပေးသယောင် ပြည်ထောင်စုနေ့စဉ် သတင်းစာကနေ ရေးသားတယ်လို့ ရွာဆရာတော်နဲ့ ရွာသူရွာသားတွေကနေ သတင်းစာရှင်းလင်းပွဲလုပ်တယ်လို့ ကနေ့မနက် RFA ရေဒီယိုကနေ နားထောင်ရတယ်။
• ရွာသူရွာသားတွေက သိန်း ၅ဝ မတည်ပြီး၊ ၁ မိုင်ကျော်ရှည်တဲ့ ရွာချဉ်းကပ်လမ်းဖေါက်တာဖြစ်ပါတယ်တဲ့။
• ဧပြီ ၂၃ ရက်က လမ်းလုပ်အားပေးနသူတွေကို ကြံ့ခိုင်ရေးဝတ်စုံနဲ့ဦးထုပ်တွေ ဝတ်ဆင်စေပြီး ဓါတ်ပုံ ရိုက်ယူခဲ့တယ်လို့ ထုတ်ဖေါ်ကြတယ်။
• ပြည်ခိုင်ဖြိုးဆီက တပြားသားမှမပါတဲ့ အလှူရှင်စာရင်းကိုလဲ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြတယ်။
• ၅ ရက်အတွင်း ကျေနပ်လောက်တဲ့အထိ ဖြေရှင်းမပေးရင် ပြည်ထောင်စုနေ့စဉ် သတင်းစာကို တရားစွဲမယ်။

ဒေါက်တာတင့်ဆွေ
၈-၅-၂ဝ၁၄

No comments: