Thursday, May 1, 2014

Be kind to rude people အပြစ်မမြင် ချစ်ခင်နိုင်ကြစေ

ဆရာရေ့ လို အလားကားနေ့၊့ အစရှိတဲ့အဖွဲ့တွေ ထိုင်ဆဲနေတာကကော mongoloid ရောဂါပဲလားဆရာ။ ကျွန်တော်တို့လည်း မကျေနပ်ချက် မကြိုက်တဲ့အဖွဲ့စည်းတွေရှိတာပဲ။ ဒါပေမယ့် ကောင်းတဲ့အချက်ကလည်း အဖွဲ့တိုင်းမှာ ရှိတယ်လို့ ထင်ပါတယ်။

• ဆဲရေးတိုင်းထွာသူ၊ နှုပ်အာကြမ်းတမ်းသူ၊ ဝစီကံမစောင့်ထိန်းတတ်သူဆိုတာတွေရှိတယ်။ ငယ်စဉ်ဘဝ ဖြတ်သန်းမှု၊ မိဘ-ဆရာသမား ပဲ့ပြင်မှုတွေနည်းခဲ့လို့၊ ဒါမှမဟုတ် နာယူမှတ်သားမှု နည်းလို့ ဖြစ်တယ်။ ပေါင်းသင်းတဲ့ အသိုင်းအဝိုင်းပေါ်မှာလဲ မူတည်တာရှိတယ်။
• တိုင်းပြည်ပြင်ပမှ လူငယ်-လူရွယ်တွေချည်း စုနေကြရတဲ့အခြေအနေထဲမှာ ကလေးတယောက် မွေးလာရင် ကြီးတဲ့သူတွေက အတတ်တွေ သင်ပေးကြတယ်။ ဆဲတာလဲပါတယ်။ သူများကို ဘယ်လို ကြောရမလဲ၊ ဒေါက်ဖြုတ်ရမလဲ၊ ကြပ်ရမလဲ စတာတွေကို အခမဲ့ကျူရှင်ပေးကြာတာကို သိပ်စိတ်မကောင်းဖြစ်ရတယ်။
• ကျွန်တော် အဲလို ‘ကင့်မ်’ မျိုးတွေကိုသွားရတိုင်း ကလေးတွေကို အလိမ်မာသာ သင်ပေးတယ်။ သူတို့နဲ့ ကစားပေးတယ်။ ပုံပြင်ပြောတာလဲ ရွေးပြောတယ်။ ကစားနည်းလဲ ရွေးချယ်ရတယ်။ စကားလိမ်မာအောင်လဲ သင်ဘို့ကြိုးစားတယ်။ ကလေးတွေက သိပ်ပျော်ကြတယ်။
• ကျွန်တော်လဲ ငယ်စဉ်က အိမ်နီးချင်းတွေ အော်ကြီးဟစ်ကျယ် ဆဲရေးတိုင်းထွာတာကို နေ့တိုင်းနီးပါး ကြားခဲ့ရပေမဲ့လဲ ကိုယ့်ကို ကူးစက်မလာအောင် ကာကွယ်နိုင်ခဲ့တယ်။
• အဲဒီတော့ ကိုယ့်ကိုမကူးစက်အောင်သာ လုပ်ပေတော့။ နှာခေါင်းစည်းစီးထား၊ လက်အိပ်စွပ်ထား၊ လူစည်စည်ရှိတိုင်း မသွားနဲ့ပေါ့။ သူတို့ကို သနားလိုက်ပါဗျာ။

ဒေါက်တာတင့်ဆွေ
၁-၅-၂ဝ၁၄

No comments: