Monday, April 28, 2014

Sedana စေတနာဆိုတာ ပုဂ္ဂိုလ်မပါ

• စေတနာဆိုလာ လူပုဂ္ဂိုလ်ရယ်လို့ ပါခဲတယ်။
• ရွှေအလင်တန်း လူမှုအထောက်ကူပြုအဖွဲ့ (မုံရွာ) မှာ ဘယ်သူတွေ လုပ်နေကြတယ်ဆိုတာ နည်းနည်းလေးသာ သိပါတယ်။ သူတို့ကလဲ အကူအညီမတောင်းပါ။
• လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ‘အီးမေးလ်’ နဲ့ အလှူငွေပို့ချင်လို့ ဆက်သွယ်လာသူတဦး ရှိတယ်။ ‘ဖေ့စ်ဘွတ်’ မသုံးသေးပါ။ ‘ဘလော့ခ်’ ဖွင့်ကာစ ရှိပါသေးတယ်။ ကျွန်တော်လဲ တလေးတစား ဘယ်လိုပို့ပေးပါဆိုပြီး ‘အီးမေးလ်’ နဲ့ပြန်ရေးပါတယ်။ တက်တက်စင်လွဲသွားတာက ကျွန်တော်က အမျိုးသား လူကြီးတယောက်လို့ အထင်နဲ့ ရေးမိသွားတာပါ။ သူ့ဆီကနေ အသံဖိုင်နဲ့ပြန်လာတော့မှဘဲ ‘ဆရာဦးတင့်ဆွေ လုပ်လိုက်မှဖြင့် အဖွါးကြီးကနေ အဖိုးကြီးဖြစ်ရတယ်’ တဲ့။
• သူက တရုပ်+ရှမ်းစပ်လို့ သိလာရပါတယ်။ ယမုန်နာဆေးခန်းလေးအတွက် အလှူငွေလှမ်းပို့ပါတယ်။ ကျွန်တော့်နဲ့ လူချင်းမသိဘဲ၊ ‘ဘလော့ခ်’ မှာတင်ထားတဲ့ ဘာလုပ်တယ်ဆိုတာသာ စေတနာရှင်ကသိပါတယ်။
• ၁၅-၁၂-၂ဝဝ၈ ကွယ်လွန်သူ အဖိုး (Ng Yu Qing) ကွယ်လွန်သူ အဖွား၊ (Zhang Ming Sheng)၊ မိခင်ဖြစ်သူ (Ng Teow Geok)၊ ဖခင်ဖြစ်သူ (Chua Swa)၊ တို့အား ရည်စူး၍ စင်္ကာပူရောက် သား-သမီး-မြေးတစုက စင်္ကာပူဒေါ်လာ ၅ဝဝ တိတိ။

ဒေါက်တာတင့်ဆွေ
၂၇-၄-၂ဝ၁၄

No comments: