Wednesday, May 14, 2014

Winter night အညာဆောင်းည

• အိမ်ရှေ့မှာ တအိမ်လုံး၊ ထင်းတုံးကြီးတွေနဲ့ မီးဖိုမှာ ဝိုင်းထိုင်၊
• သုံးချောင်းထောက်တိုင်နဲ့ ရေနွေးကို မြေအိုးနဲ့ကျို၊
• လူအိုကို ဦးချ၊ အိမ်ရှင်မက လက်ဖက်သုပ်၊
• အရည်းလုပ်သူက ထန်းလျှက်ခဲထုတ်၊
• ဦးကြီးက ပြာပူပူမှာ ထန်းပင်မြစ်ဖုတ်၊
• အကိုကြီးက အူတိုင်ကို အရုပ်လုပ်၊
• ရုပ်ဆိုး-မီခိုး၊ ရုပ်လှ-မီးခ၊ စကားနိုင်လုကြ၊
• အညာဆောင်းည ချမ်းပါလှ လွမ်းပါရ။

ဒေါက်တာတင့်ဆွေ
၁၃-၁-၂ဝ၁၄

No comments: