Sunday, May 11, 2014

Mother's Day အမေနေ့

• ပြာသိုလပြည့်ကို မြန်မာပြည်က “အမေနေ့” လို့ သတ်မှတ်ပါတယ်။>br> • “ယောက်ျား ဝါဆို၊ မိန်းမ ပြာသို”။ ပြာသိုအချမ်းထဲမှာ ကိုယ့်အမေကို လွမ်းကြတမ်းကြမှာပါ။>br> • ကျွန်တော့်မှာ ထူးတာလေးတခုရှိတယ်။ ကိုယ်မရှိချိန်မှာ ကိုယ့်အမေ ကွယ်လွန်သွားတာကို အမေဆုံးပြီးနောက် လေးလလောက်နေမှသာ သိခွင့်ရခဲ့တယ်။>br> • “စစ်အစိုးရ” အောက်မှာ တိုင်းပြည်ကနေ နိုင်ငံရေးအတွက်ထွက်သွားရသူတိုင်းကို တယောက်မကျန် ကိုယ့်အိမ်ကို ပြန်ဆက်သွယ်လို့ မရအောင် ပိတ်ပင်တားဆီးမှု၊ ခြမ်းခြောက်ဖမ်းဆီးမှုတွေအတွက် လူတွေ၊ ငွေတွေ ဗုံးပေါလအော သုံးခဲ့တယ်။>br> • ကာလဆိုးကြီးထဲမှာ ကွယ်လွန်ခဲ့ရတဲ့ ကျွန်တော့်အမေလို အမေတွေ ဘယ်လောက် များမလဲ မသိပါ။>br> • ၁၉၈၈ အရေးအခင်းမှာ စစ်သားတွေကို ဆေးကြွေး၊ ဦးနှောက်ဆေးပြီး၊ “ကွန်မြူနစ်တွေက တိုင်းပြည် ဆူပူအောင်လုပ်နေတယ်”။ “ပစ်ဆိုရင် အမေဖြစ်ဖြစ်၊ အဖေဖြစ်ဖြစ် ပစ်သာပစ်” လို့ ဖြစ်စေခဲ့တာလဲ “စစ်အစိုးရ” ဘဲ။>br> • အမေနေ့မှာ အမေရှိသူတိုင်းက “စစ်အစိုးရ” ကို “အမေသတ်သူများ” လို့ သိကြစေချင်တယ်။>br> • “အမေသတ်သူများ ကျဆုံးပါစေ။”>br> • ၂ဝဝ၈ ဖွဲစည်းပုံရေးပြီး၊ ကနေ့ တိုင်းပြည်ရဲ့ အာဏာမှန်သမျှ၊ ကြွယ်ဝချမ်းသာမှုမှန်သမျှကို လက်ထဲမှာဘဲ ဆက်ရယူထားနေတာလဲ “စစ်အစိုးရ” ထဲကလူတွေဘဲ။>br> • 'အမေတွေ နောက်ထပ် အသတ်မခံရပါစေနဲ့'။>br>>br> အဲသည်အမေနေ့က ဖေ့စ်ဘွတ်မှာ တင်ကြတာတွေကို နောက်ကနေ “လိုက်ခ်” လုပ်ပါတယ်။ အကြိုက်ဆုံးကတော့ “ပုလဲမြို့သူ/သားတို့ စုဝေးရာ” ထဲမှာဖတ်ရတာ ဖြစ်ပါတယ်။ ပြာသိုလပြည့် အမေများနေ့မို့ အမေ့ဆီကို ဖုန်းဆက်တော့ အမေက ပြန်ပြောတယ့့်>br> “အမေများနေ့မို့ သတိရနေတာလား” တဲ့။>br> “အမေကတော့ သားသမီးတွေကို နေ့တိုင်းသတိရနေတာ” တဲ့။>br>>br> ဒေါက်တာတင့်ဆွေ>br> ၁၅-၁-၂ဝ၁၄>br> ၁၁-၅-၂ဝ၁၄

No comments: