Friday, July 12, 2013

လျှောက်ထားပါသည်ဘုရား

Uhladaw Hladaw လှတောဆရာတော်၏မှတ်ချက်
အိမ်နားနီးချင်းအတူနေ ဆွေမျိုးတွေပါ အကုန်စုရင် မဲဆန္ဒနယ်မြေအပိုင်သေချာတယ် ၂ဝ၁၅ သတိထား ဒို့အမျိုးစုရဲ့ လူအင်အား။

ကျွန်တော့် လျှောက်ထားချက်
ဦးဇင်း သိတဲ့အတိုင်းပဲ အိန္ဒိယမှာနိုင်ငံရေးဆိုတာ လုပ်နေတော့ ဗမာဖြစ်နေတာက အပြစ်တခု။ ကိုယ့်သားသမီးတွေ ပါတီထဲဝင်တာကို မိသားစုနိုင်ငံရေးလို့ ပြောတယ်။ သားသမီးတွေ အလုပ်လျှောက်ရင် လူကြီးသားသမီးလို့ ပြောတယ်။ သားတွေကြ ပိုဆိုးသေး၊ ဗမာလဲဖြစ်၊ အမတ်သားလဲဖြစ်၊ အမျိုးသမီးလဲမဟုတ်၊ ဘယ်နေရာမှ လုပ်စရာမရှိတော့ဘူး။

တကာမကြီးကြတော့ NLD ဖြစ်နေတာက ပြဿနာ။ NLD မိုလို့ အမျိုသမီးအဖွဲ့က ထွက်ပေးရပြန်ရော။ ယောက်ျားရဲ့ နိုင်ငံရေးထဲ ဝင်လုပ်တာမျိုးကို အမျိုးသမီးတွေက မလုပ်ရဘူးတဲ့။ အထဲမှာတော့ အဲလိုမဟုတ်ပါစေနဲ့လို ဆုတောင်းပါတယ်။ ဆုံးဖြတ်လိုက်ပြီ ဆရာတော်?နောက်ဘယ်တော့မှ အရွေးမခံတော့ဘူးလို့။

ဒေါက်တာတင့်ဆွေ
၁၁-၇-၂ဝ၁၃
Read more...

Tuesday, July 2, 2013

National Doctors' Day in India ဆရာဝန်များနေ့

• အိန္ဒိယမှာ “ဆရာဝန်များနေ့” ဟာ ဇူလိုင်လ ၁ ရက်နေ့ဖြစ်တယ်။ အနောက်ဘင်္ဂလားနယ်က ဆရာဝန်ကြီး (ချန်ဒရာ ရွိုင်း) ကိုဂုဏ်ပြုတာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အမြင့်ဆုံး (ဘားရတ် ရတ်တနာ) ဘွဲ့ကိုရခဲ့သူ ဖြစ်ပါတယ်။ ဆရာဝန်အားလုံးကို ဂုဏ်ပြုတဲ့နေ့ ဖြစ်ပါတယ်။
• အမေရိကားမှာ ပထမဆုံး ဆရာဝန်များနေ့ကို ၃ဝ-၃-၁၉၃၃ နေ့က ဝင်းဒါး၊ ဂျော်ဂျီယာမှာလုပ်ခဲ့တယ်။ ဒေါက်တာ ချားလ်စ် အယ်လ်မွန်းရဲ့ ဇနီးကနေ စခဲ့တာပါ။ ကွယ်လွန်သွားကြတဲ့ ဆရာဝန်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆုမွန်ခြွေ ကတ်ပြားနဲ့ ပန်းလှလှလေးတွေတွေ ပို့ပါတယ်။ ပန်းနီနီကိုသုံးပါတယ်။ ၃ဝ-၃-၁၉၅၈ ရောက်တော့ အမေရိကန် အောက်လွှတ်တော်ကနေ ဆုံးဖြတ်ချက်တခုချပေးပြီး ဆီးနိတ်ကို နိုင်ငံတော်ဆရာဝန်များနေ့အဖြစ် သတ်မှတ်ဘို့ရာ ပို့ပါတယ်။ ၃ဝ-၁ဝ-၁၉၉ဝ မှာ သမတ (ဂျော့ ဘွတ်ရှ်) ကနေ S.J. RES. #366 ကို လက်မှတ်ထိုးပြီးနောက် Public Law 101-473 ဆိုတာဖြစ်လာတယ်။ ၃ဝ-၃-၁၉၉၁ ကစပြီး "National Doctors Day" ဖြစ်လာခဲ့တယ်။
• ကျူးဘားမှာတော့ လူတွေလေးစားတဲ့ ဆရာဝန် ဒေါက်တာ ကားလို့စ် ဖင်လေးရဲ့ မွေးနေ့ကိုဂုဏ်ပြုပြီး ဒီဇင်္ဘာ ၃ ရက်နေ့ကို “ဆရာဝန်များနေ့” လို့ သတ်မှတ်တယ်။
• အီရန်မှာတော့ သြဂုတ်လ ၁ ရက်နေ့ကို “ဆရာဝန်များနေ့” လို့ သတ်မှတ်တယ်။

Myo Aung ကျနော်တို့ နိုင်ငံမှာ ဘယ်နေ့သတ်မှတ်ရင် ကောင်းပါမလဲ? စည်းလုံးညီညွတ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့တော့အမှန် တကယ်လိုအပ်နေတာပါဘဲ။

Tint Swe ကျွန်တော်လဲ သိပ်သိတာ မဟုတ်ဘူးဗျ။ စဉ်းတော့ စဉ်းစားနေမိတယ်။ ဒေါက်တာဘသန်းက အတော်ကြီး စီနီယာကျတယ်။ ဦးနေဝင်းနဲ့ဆက်နေလို့ သဘောတူနိုင်ကြမှာ မဟုတ်ဘူး။ ဒေါက်တာထွန်းရွှေနဲ့ မောင်သင်တို့က စာပေနဲ့ အနုပညာမှာ နာမည်ထွက်ခဲ့တယ်။ လူထုအကျိုးဆောင်ရာမှာ နာမည်ထွက်တာကတော့ မရှိသလောက်ပါဗျာ။ ရှက်မိပါရဲ့။ ခေါင်းတွေအများကြီးစုရင်တော့ ထွက်လာမှာပါ။

Read more...

အများဆိုင်နာမ်

• ကျွန်တော်တော့ တကယ်အမျိုးမတော်ဘဲနဲ့ 'အကို'၊ 'ဦးလေး'၊ 'အဘ' စဖြင့် ခေါ်တာနဲ့ ကိုယ့်ကိုယ်ကို 'သမီး'၊ 'သား' ထည့်ပြောတာကို အားမပေးပါ။
• ယောက်ျားလေးချင်း “အကို” သုံးတာလဲ ပတ်ဝန်းကျင်ကို သတိထားသင့်တယ်။ အခုခေတ်မှာ ယောက်ျားချင်း ပခုံးဖက်နေရင် မျက်ခုံးပင့်ကြည့်တာခံရတတ်တယ်။ သူများနိုင်ငံတွေမှာ (ဂေး) တွေသာ အဲလို လုပ်လေ့ရှိတယ်။
• ကျွန်တော့်ကိုလဲ ဗိုလ်လိုရေးရင် “Sir” လို့ မသုံးစေဘဲ၊ “Saya” လို့သာ ပြင်ပေးပါတယ်။ “Doctor” ဒေါက်တာ ဆိုတာတော့ နားယဉ်နေကြပါပြီ။
• "ဆရာ" လို့ ရိုးရိုးလေး ခေါ်တာကို ပိုသဘောကျတယ်။ ဆရာဝန်နဲ့ လူနာကြားမှာ တွယ်ကပ်မှုကို အထူး သတိထားရပါတယ်။
• ဒါမှာလဲ "ဆရာကြီး" လို့ဆိုရင် မမှန်ဘူးလို့ ပြန်ရှင်းပြောပါတယ်။ ကိုယ်က ငယ်ချင်လို့ပြောရတာ မဟုတ်ပါ။ ဆရာဝန်လောကမှ အထူးကုတွေ၊ (ဝပ်) အကြီးဆုံးတွေကိုမှ "ကြီး" ထည့်လေ့ရှိလို့ပါ။
• ဆေးကျောင်သားဘဝမှာတော့ အထူးကုဆရာဝန်မကြီးတွေကိုတော့ "မမ" လို့ခေါ်ကြတဲ့ ထုံးစံရှိတယ်။ ချစ်-ကြောက်-ရိုသေ အစစ်ဖြစ်ပါတယ်။
• ငယ်ရွယ်တဲ့ မိန်းကလေးတိုင်းကို “သမီး” လို့ မခေါ်မိအောင် သတိထားပါတယ်။ တခါခါ "သမီး" လို့ ခေါ်မိသွားရင် မြေးအရွယ်မို့သာ ခေါ်မိမယ်။
• “ခွေးကောင်” လို့ အခေါ်ခံရသူဟာ ကျွန်တော့် စိတ်ချလက်ချ အားကိုးရတဲ့ လက်ထောက်ဖြစ်ပါမယ်။
• သမီးအရင်းကို “ခွေးမလေး” လို့ တခါတခါခေါ်ပါတယ်။
• ကိုယ့်ကိုယ်ကို “သား” လို့သုံးနှုန်းတဲ့ ယောက်ျားလေးတွေက “သမီး” လို့သုံးတဲ့ မိန်ကလေးတွေထက် စောပြီး အပြောင်းအလဲ မလုပ်လို့ မဖြစ်တော့တဲ့ အချိန်ကာလကို ရောက်လာကြတယ်။
• သားလို့သုံးသူတွေရော သမီးသုံးတွေပါ ကိုယ့်မှာ သားသမီးရတဲ့အချိန်ရောက်ရင် မပြောင်းလို့ မဖြစ်သလောက် အခြေအနေကို ရောက်ကြတယ်။ တချို့မှာတော့ ဒိထက်စောမှသာ တင့်တယ်လိမ့်မယ်။
• မျက်စိအောက်ကနေ ကလေးအမေဘဝ ရောက်သွားတဲ့သူတွေကလဲ သူ့တို့ကိုယ်သူတို့ ဆရာဝန်ကို သမီးလို့ ပြောတာလဲရှိတာပေါ့။
• စောစောပိုင်းခေတ်မှာ အထူးသဖြင့် တောရွာတွေမှာ ယောက်ျားလေးတိုင်း ကိုရင်ဝတ်ပြီးနောက် သူ့ကို ကိုရင်လို့ဘဲ ဆက်ခေါ်လေ့ရှိတယ်။ တရွာလုံး ကိုရင်တွေများတော့ ကိုရင်ဘယ်သူ-ဘယ်ဝါလုပ်ရတယ်။ တချို့ဆို ကွယ်လွန်တဲ့အထိ ဒီအတိုင်းခေါ်ကြတယ်။
• လူ့သဘာဝကိုတော့ ပြောစရာမရှိပါ။ ဆရာ-လူနာ ဆက်ဆံရေးမှာတော့ စည်းခြားသင့်ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂-၇-၂ဝ၁၃

Read more...