Saturday, September 26, 2009

Bravo Lady Doctors! အမျိုးသမီးဆရာဝန်များ

၂၂-၉-ဝ၉ နေ့က အင်္ဂလန်မှာ ထုတ်ပြန် လိုက်တဲ့ သုတေသန စစ်တမ်းအရ “အမျိုးသမီး ဆရာဝန်များသည် အမျိုးသား ဆရာဝန်များထက် စိတ်ချရပြီး၊ အလုပ် ထုတ်ပြစ်ခံရခြင်းလည်း နည်းသည်။”ဟု ဆိုပါသည်။ ဒါတွင်မက “အမျိုးသမီး ဂျီပီ ဆရာဝန်၊ ဆေးရုံဆရာဝန်၊ သွားဆရာဝန်များသည် စုံစမ်း စစ်ဆေးခံရမှုမှာလည်း နည်းပါကြသည်။”လို့ ပါရှိပါတယ်။

၂ဝဝ၁ ကနေ ၂ဝဝ၉ ခုနှစ်များအတွင်း အမျိုးသားဆရာဝန်ပေါင်း ၃၆၈၅ ဦးဟာ အလုပ်ဝတ္တရားပိတာကို ကျော်လွှား နိုင်စွမ်းနဲ့ အရည်အချင်း ပြည့်ဝမှုအတွက် အမျိုးသားဆေးဘက်ဆိုင်ရာ ဆန်းစစ်ရေးဌာနကို စစ်ဆေးခံဘို့ ပို့လွှတ် ခံခဲ့ကြရပါသတဲ့။ အဲဒီကာလအတွင်းမှာ အမျိုးသမီး ဆရာဝန်ပေါင်း ၈၇၃ ဦးသာ အဲလို စေလွှတ်တာ ခံခဲ့ကြရပါတယ်။ အလုပ်လုပ်နေသူ စုစုပေါင်းရဲ့ ၄ဝ% ဟာ အမျိုးသမီး ဆရာဝန်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

အလုပ်တာဝန်ကနေ ထုတ်ပယ်ခံရသူ အရေအတွက်မှာလည်း ဒီအတိုင်းဘဲလို့ ဆိုပါတယ်။ ဥပမာ ထုတ်ပယ်ခံရတဲ့ ဂျီပီ အမျိုးသား ဆရာဝန် အရေအတွက်က ၂ဝဝ ဦးရှိပေမဲ့ ၂၉ ဦးသာ အမျိုးသမီး ဆရာဝန်တွေ ဖြစ်ကြတယ်။ လူနာကို မကြည့်တော့ဘို့ တားမြစ်ခံရတဲ့ အမျိုးသား ဆေးရုံဆရာဝန် ၂၉ဝ ရှိပေမဲ့၊ အမျိုးသမီး ဆရာဝန်က ၅ဝ ဦးသာ အဲလို အတားခံရပါတယ်။

“အမျိုးသမီး ဆရာဝန်များဟာ အမျိုးသား ဆရာဝန်များထက် ပိုတော်ကြတယ်လို့ မဆိုချင်ပေမဲ့ ပြုစုယုယမှု (ဂရုစိုက်မှု) ကတော့ ပိုကြတယ်လေ။ လူနာကို ဦးစားပေတာမှာလဲ သာကြတယ်။” လို့ သုတေသန လက်ထောက် ဒါရိုက်တာက ပြောလိုက်ပါသေးတယ်။ သူကိုယ်တိုင်က အမျိုးသမီးဖြစ်ပါတယ်။

အမျိုးသမီးဆရာဝန်များသည် အမျိုးသားများထက် ပို၍သတိကြီးကြသည်။ အကြင်နာလည်းပိုကြသည်။

Dr. တင့်ဆွေ
၂၆-၉-၂ဝဝ၉

Read more...